အင်္ဂလန်ကိုပြန်ပြီး သူရဲ့ပထမဆုံးကလပ်မှာ ပြန်လည်ကစားသွားဖို့ ဆန္ဒရှိနေတဲ့ 'အက်ရှ်လေယန်း'


 အင်္ဂလန်ကိုပြန်ပြီး သူရဲ့ပထမဆုံးကလပ်မှာ

*****************************************

ပြန်လည်ကစားသွားဖို့ ဆန္ဒရှိနေတဲ့ 'အက်ရှ်လေယန်း'

**************************************************

အင်တာမီလန်အသင်းရဲ့ တောင်ပံကစားသမား အက်ရှ်လေယန်းက အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့်အချိန်မှာ အသင်းကနေ ထွက်ခွာသွားမှာဖြစ်ပြီး သူရဲ့မွေးရပ်မြေ အင်္ဂလန်နိုင်ငံကိုပြန်ကာ သူရဲ့ပထမဆုံးသော ကလပ်အသင်းဖြစ်တဲ့ ဝက်ဖိုဒ့်အသင်းဆီကို ပြောင်းရွှေ့ကစားမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

အသက်(၃၅)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း အက်ရှ်လေယန်းဟာ ဝက်ဖိုဒ့်အသင်းရဲ့ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၀၃ခုနှစ်ကနေ ၂ဝဝရခုနှစ်အထိ (၄)နှစ်တာ ဖြတ်သန်းခဲ့ပြီးတဲ့နောက် အက်စတွန်ဗီလာအသင်းဆီ ရောက်ရှိလာခဲ့ကာ နောက်ထပ်(၄)နှစ်အကြာမှာပဲ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ထပ်မံပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းမှာ (၉)နှစ်လောက် ပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တဲ့ အက်ရှ်လေယန်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ ဆောင်းရာသီစျေးကွက်အတွင်းမှာတော့ ယူနိုက်တက်ကနေ အင်တာမီလန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးသာသာနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

အက်ရှ်လေယန်းဟာ ပြီးခဲ့တဲ့ရာသီအတွင်း အင်တာမီလန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် ပါဝင်ကစားခဲ့ပြီး အသင်းကို စီးရီးအေပြိုင်ပွဲအတွင်း ဒုတိယနေရာရအောင် လုပ်ပေးနိုင်ခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အင်တာမီလန်အသင်းက ဒီရာသီမှာ ရိုးမားအသင်းရဲ့ ဘယ်နောက်ခံကစားသမား ကိုလာရော့ကို ခေါ်ယူထားခဲ့တာကြောင့် ယန်းကလည်း အသက်အရွှယ် တအားကြီးရင့်နေပြီဖြစ်လို့ လာမယ့် ၂၀၂၁ခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်လို့ ယန်းက အင်တာနဲ့ လမ်းခွဲပြီးနောက်မှာ အသင်းဟောင်းဝက်ဖိုဒ့်နဲ့ ပြန်လည်ပူးပေါင်းသွားမှာဖြစ်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။ အက်ရှ်လေယန်းက “ကျွန်တော် အင်္ဂလန်ကို ပြန်ဖြစ်မယ်ဆိုရင် ဝက်ဖိုဒ့်မှာပဲ ပြန်ကစားသွားမှာပါ။ ကျွန်တော်အခု အီတလီကနေ ပြန်လည်ထွက်ခွာရတော့မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအခြေအနေတွေကို ကျွန်တော်သိနေလို့ပါ” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ အက်ရှ်လေယန်းက ဝက်ဖိုဒ့်အသင်းဟာ သူ့အတွက် အိမ်တစ်ခုလို့ ခံစားမိရတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပြီး လာမယ့်နွေစျေးကွက်လောက်မှာပဲ ဝက်ဖိုဒ့်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။


(ယခု သတင်းမှာ united အသင်းနှင့် သက်ဆိုင်မှုမရှိသော်လည်း...တစ်ချိန်က united အတွက် ကစားပေးခဲ့သော ကစားသမားဟောင်းကြီး အက်ရှ်လေယန်းလတ်တလောအကြောင်းအား သိစေလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြချင်း ဖြစ်ပါတယ် ခင်ဗျာ။)


#မန်ယူပွဲစဥ်

Comments